Local News

“ပြည်ပပို့ကုန် ‌ဈေးကွက်အလားအလာရှိသော လျှော်ဖြူ” ရှင်းလင်းတင်ပြခြင်း ဆွေးနွေးပွဲပြုလုပ်ခြင်း

Last Updated:

     “ပြည်ပပို့ကုန် ဈေးကွက်အလားအလာရှိသော လျှော်ဖြူ” ရှင်းလင်းတင်ပြခြင်း ဆွေးနွေးပွဲကို ၉-၅-၂၀၂၄ ရက်နေ့၊ (၁၂:၃၀) နာရီအချိန်တွင် မြန်မာကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့၊ ရုံးအမှတ်(၃)၊ အစည်းအဝေးခန်းမ၌ (Virtual System)ဖြင့် ကျင်းပပြုလုပ်ခဲ့ရာ မြန်မာကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့၊ ဒုတိယညွှန်ကြားရေးမှူးချုပ်၊ ညွှန်ကြားရေးမှူး၊ ဒုတိယညွှန်ကြားရေးမှူးများနှင့် မြန်မာ ကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့၊ တိုင်းဒေသကြီး/ပြည်နယ်ဦးစီးမှူးရုံး၊ တာဝန်ခံများစုစုပေါင်း(၂၈)ဦးတက်ရောက်ခဲ့ပါသည်။ ဆွေးနွေး ပွဲတွင် မြန်မာကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့၊ ဒုတိယညွှန်ကြားရေးမှူးချုပ်၊ ‌ဒေါက်တာထိန်လင်းက အဖွင့်အမှာစကားပြောကြားခဲ့ပြီး မြန်မာကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့၊ စစ်ကိုင်းတိုင်းဒေသကြီးဦးစီးမှူးရုံး၊ မုံရွာမြို့၊ တာဝန်ခံ ဒေါ်နှင်းပန်းဖြူ၊ လက်ထောက်ညွှန် ကြားရေးမှူးက စစ်ကိုင်းတိုင်းဒေသကြီး၏ ပြည်ပပို့ကုန် ဈေးကွက်အလားအလာရှိသောအမည်ဖြစ်သည့်လျှော်ဖြူပို့ကုန်ဈေးကွက်အလားအလာအား ရှင်းလင်းတင်ပြခဲ့ပါသည်။ ဆွေးနွေးပွဲတက်ရောက်လာသူများမှသိရှိလိုသည်များအား အထွေထွေဆွေးနွေးခဲ့ပြီး ဆွေးနွေးပွဲကို (၁၄:၁၀)နာရီ အချိန်တွင် ရုပ်သိမ်းခဲ့ပါသည်။

 

မြန်မာကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့

 

 

 

Category: Local News